ဇာတာက ရာသီစက်လေးကိုကြည့်ပြီး အဟောထုတ်ပါမယ်ခင်ဗျ ဒီဟောကွက်ဟာ
လောကလူသားအားလုံးကို ၁၂ ပုံပုံလိုက်ခြင်ဖြစ်ပါတယ် ရာသီစက်က လ
အက္ခရာလေးကိုကြည့်မှာမို့ ရာသီစက်မှာ အမြန်ဆုံးဖြစ်တဲ့ လ (နေထွက်လဂ်)ဟာ
ရာသီတကွက်ကို ၂ နာရီနုန်းနဲ့ဖြတ်ပါတယ် ၁၂ကွက်ဆို ၁ ရက်ပြည့်မှာမို့ပါ
ဒီအဟောတွေဟာ
မွေးချိန် ၂ နာရီကြာယင် ပြောင်းလဲထွက်ဆိုမယ်ဆိုတာရယ်
လူသားသန်းပေါင်းများစွာကို ၁၂ စုလောက်ပဲခွဲလိုက်လို့ ယေဘုယျဆိုတာကို
သတိပြုပါခင်ဗျာ
ရာသီစက်က ရာသီတွေက ဒီလိုလေး ဇာတာရဲ့ ရာသီစက်မှာ “လ” လေးကိုရှာမယ်ဗျာ “လ”က မိဿရာသီမှာရှိယင် မိဿလဂ်လို့ခေါ်မယ်ပေါ့ဗျာ 
အနောက်တိုင်းစနစ်တွေနဲ့ဒီအဟောတွေက သတ်မှတ်ပုံကွဲပါတယ် နိယာယန သာယနဆိုပြီးကွဲပြားရာမှာ ကျွန်တော်က ယခုနိယာယနကိုပဲဖေါ်ပြမှာဖြစ်ပါတယ်
ရာသီရဲ့ မနက် နေထွက်ပြီး ၂ နာရီခန့်ဟာ အဲဒီရာသီဖွားအစစ်တွေဖြစ်ပါတယ် ပီသပါတယ်
မိဿလဂ်မှာဖွားမြင်
သူတွေဟာ မောက်မာဝင့်ကြွားတတ်ပါတယ် စိတ်ကြီးဝင်ခြင်း ဒေါသကြီးခြင်း
တွန်းလှန်ငြင်းဆန်လိုခြင်း ဆန့်ကျင်လိုခြင်းသဘာဝများ ရှိနေပါမယ်
လွတ်လပ်လိုခြင်း နှင့်အတူ အတွေးအခေါ် အယူအဆသစ်များလည်း
ဖော်ထုတ်စွမ်းဆောင်နိုင်သူတွေလည်းဖြစ်ကြပါတယ် သားသမီးနည်းတတ်ပါတယ်
လူရင်းမိတ်ဆွေများကို ငြီးငွေ့လွယ်ပြီး အပေါင်းသင်းသစ်ရှာတတ်ပါတယ်
အဟောင်းကိုပစ် အသစ်ကိုကြင်တတ်တာလည်း သူတို့ပါပဲ
ပြိဿလဂ်မှာဖွားမြင်သူတွေဟာ
အပြောချိုခြင်း သည်းခံနိုင်ခြင်း ငြိမ်းအေးခြင်းတို့နဲ့
ပြည့်စုံသူတွေဖြစ်ကြပါတယ် ရေရှည်မှာ အလွန်အောင်မြင်သူတွေဖြစ်ကြပါတယ်
မေတ္တာတရားကို အလေးအနက်ထားသူတွေဖြစ်ကြပါတယ် စည်းစိမ်ကိုလည်းမက်မောကြပါတယ်
လှုဒါန်းရမှာလဲ ရက်ရောကြပါတယ် စီးပွားရှာရာမှာ အကူအညီပေးမှုကြောင့်
ခါးသီးမှုတွေရတတ်ပါတယ်
မေထုန်လဂ်မှာဖွားသူတွေဟာ
အပျော်အပါးများခြင်းနှင့်အတူ ဥာဏ်ထက်ခြင်းပါပူးတွဲရတယ့်
စိတ်နှခွသမားတွေဖြစ်ကြပါတယ် တွေဝေခြင်း ပြောင်းလဲလွယ်ခြင်း
စိတ်ထိခိုက်လွယ်ခြင်း တို့ကြောင့် အာရုံကြောရောဂါများရတတ်ပါတယ်
ချောမောလှပါ့ခြင်းနှင့် ရောဂါရခြင်းတို့ပါ ပူးတွဲနေတတ်ပါတယ်
ကရကဋ်လဂ်မှာဖွားမြင်သူတွေဟာစိတ်လှုပ်ရှားလွယ်ခြင်း
လရောင်ကို နှစ်သက်ခြင်း သနားကြင်နာလွယ်ခြင်း
ကရုဏာထားခြင်းတို့ဖြင့်ပြည့်စုံပါမယ် သွားလာလှုပ်ရှားမှုနှေးကွေးခြင်း
ဝေဖန်ကန့်ကွက်ခံရခြင်းတို့လည်းပူးတွဲရရှိတတ်ပါတယ်
မျိုသိပ်တတ်သူများလည်းဖြစ်ကြပါတယ်
ရဲဝင့်စွန့်စားလိုသူ
ဝင့်ထည်လိုသူတွေဖြစ်ကြပါတယ် စိတ်အားထက်သန်လွန်းသူ
ပွင့်လင်းလွတ်လပ်သူတွေဖြစ်ကြပါတယ် စံပြပုဂ္ဂိုလ်တွေဖြစ်ကြပါတယ်
ဝမ်းခါးသေးတတ်ပါတယ် သားသမီးနည်းတတ်ပါတယ်
လက်အောက်ငယ်သားပေါ်တင်းကြတ်လွန်းလို့ တော်လှန်ပုန်ကန်ခံရတတ်ပါတယ်
ဉာဏ်ရည်ကောင်းမွန်ခြင်း
ဗဟုသုတစုံလင်ခြင်းကြောင့် မယုံသင်္ကာစိတ်များသူတွေလည်းဖြစ်ကြပါတယ်
ဥပဒေလိုက်နာသူ စည်းကမ်းသေ၀ပ်သူတွေလည်းဖြစ်ကြပါတယ်
ငြိမ်းချမ်းရေးကိုမြတ်နိုးသူများလည်းဖြစ်ကြပါတယ် သီလဖြူသလောက်
အပျော်အပါးကိုလည်းမက်တတ်ပါတယ်
မိသားစုတွင်အတော်ဆုံးသူ
ရောင်းဝယ်ကျွမ်းသူ သည်းခံစိတ်ကြီးသူတွေဖြစ်တတ်ပါတယ် သွားများကျဲတတ်ပါတယ်
ပတ်ဝန်းကျင်လွှမ်းမိုးမှုကို အလွယ်တကူခံရ၍ ခံစားမှုနုနယ်သူတွေဖြစ်တတ်ကြပါတယ်
စိတ်မငြိမ်တတ်ပေ
ရည်မှန်းချက်ကိုပြည့်မှီအောင်
ကြိုးစားရာမှာ နည်းမျိုးစုံသုံးပြီးရအောင်လုပ်တတ်ပါတယ် ဘ၀ကို
ရုပ်ရှင်ပြဇာတ်ဆန်ဆန် သဘောထား၍ ဆန်းကြယ်စွာပြုမူတတ်ကြပါတယ်
တသမတ်သောဘ၀လမ်းဖြင့် ရိုးရှင်းနေတတ်ကြပါတယ် ဖျက်လိုဖျက်ဆီးလုပ်လာသူကို
ချေဖဲ့ဖျက်ဆီးတတ်ပါတယ်
စီမံအုပ်ချုပ်နိုင်ခြင်း
အခက်အခဲကို ဖောက်ထွက်နိုင်ခြင်း ပြောဟောကောင်းခြင်းစတဲ့
အရည်ချင်းတွေရှိနေပါတယ် တကိုယ်ကောင်းဆန်သူ ပွင့်လင်းသောနှလုံးသားရှိသူ
သုံးစွဲကြမ်းသူတွေဖြစ်တတ်ကြပါတယ် ဘာသာရေးကို
သက်ဝင်ယုံကြည်သူများလည်းဖြစ်တတ်ကြပါတယ်
လှည့်ဖျားတတ်သူ
ပေါ့ပေါ့ နေတတ်သူများဖြစ်ဟနရှိကြသော်လည်း ယုံကြည်ရာကို ဆုပ်ကိုင်တတ်သည်
စဉ်းစားတွေးခေါ်ပုံ နေထိုင်ပုံတို့မှာ အမှန်တကယ့် အသက်ထက်ကြီးနေတတ်ပါတယ်
အများအတွက် အကျိုးပြုသူတွေဖြစ်တတ်ပါတယ်
လှပဆွဲဆောင်သောခန္ဓာရှိခြင်း
ရက်ရောခြင်း ၀ီရိယထားခြင်းတို့နှင့်အတူ လိမ်ညာတတ်ခြင်း ဖောက်ပြားတတ်ခြင်း
နှမျောတွန့်တိုခြင်းတို့ကိုပါ ပူးတွဲပိုင်ဆိုင်တတ်ပါတယ် ကြိုတင်သိမြင်ခြင်း
လက်တွေ့ကျကျဖြေရှင်းတတ်ခြင်း စေ့ဆပ်ဖြေဖြန်ပေးနိုင်သူများလည်းဖြစ်ကြပါတယ်
်ဒဿနိက
နာမ်ဝါဒသမားများဖြစ်တတ်ပါတယ် ရေခြားမြေခြားကံကောင်းခြင်း
အချစ်အတွက်အရာရာစွန့်လွတ်နိုင်ခြင်းတို့လည်းဖြစ်တတ်မည် ကြာရှည်ကြာမြော
စဉ်းစားနေတတ်လေ့ရှိသည် ခွန်အားနည်းပါးတတ်သည်
0 မှတ်ချက်:
Post a Comment
လွတ်လပ်စွာ Comment ပေးခွင့်ရှိသည် ။